Structure အသေးစိတ်ရှင်းပြချက်များ
- Structure
- Structure Variable
- Structure Within Structure
Structure
Structure ဆိုတာက variable အစုတွေကို ဆိုလိုပါတယ်။
Example:
struct part { int modelnumber;
int partnumber;
float cost; }
Keyword ကတော့ struct ပါ။ Structure တစ်ခုမှာ Structure Members တွေရဲ့ Data Type ကမတူလဲရပါတယ်။ Example အရ
struct = keyword
part = structure name
int modelnumber = structure members
int partnumber = structure members
float cost = structure members
Structure Variable
part structure ထဲမှာ members 3 ခုရှိတယ်။ member တွေကိုခေါ်သုံးဖို့ဆိုရင် structure variable name တစ်ခုကြေညာရပါတယ်။ Example part part1;
part part1 လို့ကြေညာပြီးတာနဲ့ part1 အတွက် memory ပေါ်မှာနေရာသွားယူပါတယ်။
int var1; မှာ int သည် var1 ရဲ့ data type ဖြစ်ပြီးတော့ part သည် part1 ရဲ့ data type တစ်ခုဖြစ်ပါတယ်။ var1 က integer data type ဖြစ်တဲ့အတွက် integer value ပဲထည့်လို့ရပါတယ်။ part1 မှာတော့ data type က member အလိုက်ပါ။
struct part { int modelnumber;
int partnumber;
float cost; }
part part1;
part1.modelnumber ( integer data type )
part1.partnumber ( integer data type )
part1.cost (float data type )
Structure Members ထဲကို Data ထည့်တဲ့အခါ
1. part part1 = { 6244, 373, 217.55 }
part1.modelnumber = 6244
part1.partnumber = 373
part1.cost = 217.33
2. တစ်ခုချင်း assign လုပ်လဲရပါတယ်။
part1.modelnumber = 6244
part1.partnumber = 373
part1.cost = 217.33
Structure Within Structure
#include<iostream.h>
struct Distance { int feet;
float inches; };
struct Room { distance length;
distance width; };
int main( )
{
Room dining;
dining.length.feet = 13;
dining.length.inches = 6.5;
dining.width.feet = 10;
dining.width.inches = 0.0;
float l = dining.length.feet + dining.length.inches / 12;
float w = dining.width.feet + dining.width.inches / 12;
cout<<“Dining room area is “<< l * w;
<<“Square is \n”;
return 0;
}
Distance ---> Members Data type feet int inches float Room ---> Members Data type Total Members length distance---> length.feet (int) length.inches(float) width distance---> width.feet (int) width.inches (float)
Distance ကတော့ရိုးရိုး structure ပါ။
Room ကတော့ Structure within structure ပါ။
( ကိုယ်ဖန်တီးထားတဲ့ structure ကို နောက်sturcture တစ်ခုမှာသွားထည့်ထားတဲ့ ပုံစံပါ။)
အပေါ်က program အရ distance structure သည် Members နှစ်ခုရှိပြီးတော့ Room structure လည်းပဲ Members နှစ်ခုရှိပါတယ်။ ဒါပေမယ့် Room structure သည် distance data type ကိုသုံးထားတဲ့အတွက် total member က 4ခုဖြစ်သွားပါတယ်။
Main function မှာ Room dining; statement ကတော့ Room သည် dining အတွက် data type ဖြစ်တယ်။ Room မှာ Member 4 ခုဆိုတော့ Room data type သုံးထားတဲ့ dining ကလဲ member 4 ခုပါ။
dining.length.feet
dining.length.inches
dining.width.feet
dining.width.inches ပါ။
Member တွေထဲကို data ထည့်ထားပါတယ်။ data type တွေကိုလဲ သတိထားဖို့လိုပါတယ်။ နောက်က Statement တွေကတော့ ရိုးရိုး statements တွေပါ။ dining ရဲ့ အလျားအနံကို unit တစ်ခုပြောင်းတယ်။ program အရ feet ပြောင်းတယ်။ ပြောင်းထားတဲ့ အလျားအနံကိုမြှောက်ပြီး Area ရှာတဲ့ Program ပါ။